html5 လေ့ကျင့်ခန်း – ၁

  • html5 အဖြစ်သတ်မှတ်ပေးရန် ထိပ်ဆုံးတွင် <!DOCTYPE html> ကို ရေးဖြစ်အောင်ရေးပါ DOCTYPE သည် စာလုံးအကြီးဖြင့် ရေးသင့်သည်။
  • DOCTYPE မှလွဲ၍ HTML ကုဒ်အားလုံးကို <html> နှစ်ခုအတွင်းတွင် ရေးသည်
  • <html> နှင့် </html> ကြားတွင် <head> နှင့် <body> အပိုင်းများကို ရေးသည်
  • <head> တွင် <title> နှင့် အခြား <meta> များပါဝင်ပြီး <body> တွင် စာမျက်နှာတစ်ခုကို ပုံဖော်ပြသပေးမည့် အခြား စာသားများအားလုံးပါဝင်သည်
  • စာပိုဒ် တစ်ပိုဒ်ချင်းစီကို အဖွင့်အပိတ်ပါဝင်သော <p> များကြားတွင်ရေးသည်။ စာမျက်နှာတစ်ခုကို ဖော်ပြသောအခါ ဘရောက်ဇာအများစုသည် စာပိုဒ် ၂ ပိုဒ်ကြားတွင် နေရာလွတ် စပေ့ တစ်ခုကို ထည့်သွင်းပေးလေ့ရှိသည်။
  • စာပိုဒ်သစ်တစ်ခု စတင်ရေးသားခြင်းမပြုဘဲ စာကြောင်းတစ်ကြောင်းကို ရပ်နား၍ အသစ်ရေးလိုသောအခါ တစ်ခုတည်းသာရှိသာ <br> ကိုသုံးသည်။
  • XHTML များကို ရေးသားသာအခါ တစ်ခုတည်းသော ကုဒ်များကို စပေ့တစ်ခုနှင့် မျဉ်းစောင်း (/ တစ်ခုဖြင့် အဆုံးသတ်ပေးရန်လိုသည်။ စပေ့သည် HTML အဖြစ် သိနိုင်စေရန် လိုအပ်ပြီး မျဉ်းစောင်းသည် XHTML အဖြစ် သိရှိနိုင်စေရန် လိုအပ်သည်။
  • <head> တွင်ပါဝင်သော <meta> သည် သော့ချက်စကားလုံးများနှင့် စာရေးစနစ် (encoding language များကို ဖော်ပြရန် သုံးသည်။
  • <title> နှင့် </title> ကြားတွင် ရေးသားသော စာသားသည် ဘရောက်ဇာ နှဖူးစီးတွင် ပေါ်လာလိမ့်မည်။ ၎င်းတို့ကို <head> အပိုင်းတွင် ထားပါ။

Leave a Reply

Your email address will not be published. Required fields are marked *