html5 လေ့ကျင့်ခန်း ၂

လေ့ကျင့်ခန်း ၂ မှာကတော့ style css မလိုဘဲ စာမျက်နှာတစ်ခုက စာသားတွေကို ဖော်ပြမယ့် စတိုင်တွေကို html ကုဒ်တွေသုံးပြီး ရေးလို့ရတဲ့ ကုဒ်တွေအကြောင်းပါ။ ဒီနေရာကစပြီး tag ဆိုတာကို ကုဒ်လို့သုံးပါမယ်။

  • ကုဒ်အများစုဟာ သူတို့ဖော်ပြပေးတဲ့ ပုံသဏ္ဍာန်ကို အခြေခံတာမဟုတ်ဘဲ လုပ်ဆောင်ချက်ကို အခြေခံတာဖြစ်ပါတယ်။ ကုဒ်တွေက စာသားတွေ ဘယ်လိုပုံစံရှိမယ်ဆိုတာကို သတ်မှတ်ပေးမယ့်အစား ခေါင်းစဉ်လား ကိုးကားချက်စာပိုဒ်လားဆိုတာမျိုး စာသားတွေမှာရှိတဲ့ လုပ်ဆောင်ချက်တွေကို သတ်မှတ်ပေးပါတယ်
  • စာသားများကို ဖော်ပြမည့် ပုံသဏ္ဍာန်ကို စတိုင်များ၊ ဘရောက်ဇာတွင် သုံးသူ စိတ်ကြိုက်သတ်မှတ်ပေးထားသည်များ နှင့် မူလ ဘရောက်ဇာသတ်မှတ်ချက်များမှ ထိန်းချုပ်ထားသည်။
  • ခေါင်းစဉ်များကို <h1> မှ <h6> (အကြီးဆုံးမှ အငယ်ဆုံး သုံး၍ သတ်မှတ်ပေးနိုင်သည်။
  • ခေါင်းစဉ်တစ်ခုနောက်တွင် အခြားခေါင်စဉ်ခွဲတစ်ခုရေးလိုသောအခါ Screen Reader နှင့် Outlines များမှ ယူနစ်တစ်ခုတည်းအဖြစ် ပြစေရန် <hgroup> ကို သုံးလိုက သုံးနိုင်သည်။
  • စာသားများကို စာလုံးအထူဖြင့်ပြစေရန် <b> ကုဒ်ကို သုံး၍ စာလုံးစောင်းဖြင့်ပြစေရန် <i> ကုဒ်ကို သုံးနိုင်သည်။
  • ထပ်ညွှန်းကိန်းပုံစံ စာသားအတွက် <sup> ကိုသုံး၍ အောက်ခြေမှတ်စု ပုံစံစာသားအတွက် <sub> ကိုသုံးနိုင်သည်။
  • မိုနိုစပေ့ သုံးထားသော စာသားများအတွက် အက္ခရာအားလုံးအတွက် တူညီသော အကျယ်ရှိသည့် ဖောင့်စာလုံးကိုသုံးသည်။ မိုနိုစပေ့ စာသား၏ ဆန့်ကျင်ဖက်မှာ အချိုးကျ စာသားဖြစ်သည်။
  • ပုံမှန်အားဖြင့် ဝဘ်ပေါ်ရှိ စာသားအများစုမှာ အချိုးကျပုံစံ ဖောင့်ကိုသုံးသည်။ မိုနိုစပေ့ ဖောင့်ကိုသုံးရန် သတ်မှတ်လိုလျှင် <kbd>၊ <code>၊ <samp> ကုဒ်တို့ကို သုံးနိုင်သည်။ html5 တွင် မိုနိုစပေ့ စာသားများအတွက် <tt> ကို အသုံးပြုခြင်းအား ပံ့ပိုးမှုမရှိတော့ပါ။
  • ပုံမှန်အားဖြင့် ဝဘ် ဘရောက်ဇာများသည် အပိုနေရာလွတ်များကို အလိုလိုဖယ်ရှားပစ်ပြီး စာပိုဒ်ခွဲခြင်းများ <h1> ကုဒ်ကိုသုံး၍ စာပိုဒ်ခွဲထားသည်များမှ လွဲ၍ ကို လှစ်လျှုရှုလိုက်သည်။ စာသားတစ်ခုတွင်ပါဝင်သော နေရာလွတ် စပေ့များနှင့် စာပိုဒ်များကို ပုံဖော်ပြသေပေးစေရန်အတွက် <pre> ကြားတွင် စာသားများကို ထားခြင်းဖြင့် သတ်မှတ်ပေးနိုင်သည်။
  • ကိုးကားချက်စာပိုဒ်များကို ထည့်သွင်းရန် <blockquoat> ကုဒ်ကိုသုံးပါ။ ဤကုဒ်တွင် cite=”URL” အထူးပြု သတ်မှတ်ချက်ထည့်သွင်းပေးနိုင်သည်။ သို့သော် ဘရောက်ဇာအများစုမှ ၎င်းကို အသုံးမပြုပါ။
  • Internet Explorer တွင် မူသေ စာလုံးအရွယ်အစားကို View မီနူးမှတဆင့် သတ်မှတ်ပေးနိုင်သည်။ သို့သော် ဒီနည်းက သင့် Internet Explorer ကိုသာ ပြုပြင်လိုက်ခြင်းဖြစ်ပြီး စာမျက်နှာကို ပြုပြင်ခြင်းမဟုတ်ပါ။
  • မူသေ ဖောင့်စာလုံးကို Internet Options မှတဆင့် ပြောင်းလဲသတ်မှတ်ပေးနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *